၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် ညနေ ၆ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူး-ကွမ်းခြံကုန်းသွားကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အနောက်မှ အရှေ့သို့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့၊ (၂)ရပ်ကွက်နေ ညွန့်မောင်(၅၉)နှစ် မောင်းနှင်လာသည့် AYY-5/GG-XXXX NISSAN AD VAN TAXI အဖြူရောင်မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် ၂၅ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ အောင်ကျော်လင်းဦး မောင်းနှင်လာသည့် YGN-22/HH-XXXX BYD E2(EV) TAXI အဖြူရောင်မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ညွန့်မောင် မောင်းနှင်သောယာဉ်ပေါ်၌ လိုက်ပါလာသည့် ဖျာပုံမြို့နယ်၊ အမာမြို့၊ တည်ပင်ဆိပ်ကျေးရွာနေ ဦးစိုးမင်း(၅၂)နှစ်၊ ဖျာပုံမြို့နယ်၊ ကြို့တိုကျေးရွာနေ မအေးသန္တာ(၂၉)နှစ်တို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ညွန့်မောင်အား ကွမ်းခြံကုန်းမြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။