Language: Myanmar English

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊  ဘိုးလှကြီးရပ်ကွက် “ပူးမား” စက်သုံးဆီအရောင်းဆိုင်အနီး မော်လမြိုင်-ရန်ကုန်သွားကားလမ်းမပေါ်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘီးလင်းတိုးဂိတ်မှ ဘီးလင်းမြို့တွင်းသို့ မဟာဗန္ဓုလရပ်ကွက်နေ စိုးပိုင်ထူး(ခ)စိုးပိုင်(၂၉)နှစ် မောင်းနှင် လာသည့် MDY/1L-XXXX INSIGHT ယာဉ်အား ရပ်တန့်စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စိုးပိုင်ထူး(ခ)စိုးပိုင်အား ဘီးလင်းမြို့မရဲစခန်း (ပ)၃၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။