Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ငွေကျပ်သိန်း ၁,၁၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၉ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ချမ်းမြေ့ထွန်း(ခ)ပူးတူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ် သိန်း ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁,၁၀၀) သိမ်းဆည်းရမိခဲ့သဖြင့် ချမ်းမြေ့ထွန်း(ခ)ပူးတူး(၃၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ 

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။