Language: Myanmar English

ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၌ ငွေကျပ် ၂၃ ဒသမ ၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၀ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာရှိ မနန်းရွှေကျင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းအောင်ထွန်းတို့အား စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၀၀ ပြား(တစ်ပြားလျှင် ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၃ ဒသမ ၈ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မနန်းရွှေကျင်(၂၉)နှစ်နှင့် စိုင်းအောင်ထွန်း(၂၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ  အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ 

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။