၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ်(၄၃၈၄) အဆောက်အအုံ ပြိုကျပျက်စီးခဲ့သောအပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၅)၊ တေဇစက္ကီကပဌာန်းရိပ်သာကျောင်းဝင်းအတွင်းရှိ ပြိုကျပျက်စီးခဲ့သော စေတီပုထိုးအပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံ ပြိုကျပျက်စီးခဲ့သောအပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ လမ်း ၃၀၊ ၇၀ x ၇၁ လမ်းကြားရှိ Golden City Hotel အဆောက်အအုံ ပြိုကျပျက်စီးခဲ့သောအပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သီရိမာလာအနောက်ရပ်ကွက်၊ ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းနားလမ်းရှိ Ayarwaddy River View Hotel ပြိုကျပျက်စီးခဲ့သောအပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၁ x ၂၂ လမ်းကြား၊ ၈၀ x ၈၁ လမ်းကြားရှိ အင်ကြင်းကွန်ဒို အဆောက်အအုံ ပြိုကျပျက်စီးခဲ့သောအပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့မရပ်ကွက်ကြီးရှိ ရန်အောင်မြင်ဘုရား ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောအမှတ်(၃)ရပ်၊ ကိုးတောင်ပြည့်ဘုရားအတွင်းရှိ ပြိုကျပျက်စီးခဲ့သောအပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ စွန်ရဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။


မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တောင်ဘီလူးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ နေမျိုးစည်သူဟောခန်း အဆောက်အအုံ ပြိုကျပျက်စီးခဲ့သောအပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။