Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရုံးညောင်ပင်ရပ်ရှိ ရုံးညောင်ပင်စက်လှေဆိပ် ဧရာဝတီမြစ်အတွင်း ကလေး(အမျိုးသား) လေးဦး ရေဆင်းချိုးရာမှ ရေနစ်မှုဖြစ်ပွားရာတွင် ရှာဖွေကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်မှု

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရုံးညောင်ပင်ရပ်ရှိ ရုံးညောင်ပင်စက်လှေဆိပ် ဧရာဝတီမြစ်အတွင်း ကလေး(အမျိုးသား) လေးဦး ရေဆင်းချိုးရာမှ ရေနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ကလေး(အမျိုးသား) လေးဦး(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး ညောင်ဦးခရိုင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့  ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။