Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ငွေကျပ်သိန်း ၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မလဲ့ဇာလီဌေးအား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈,၀၀၀ ပြား(တစ်ပြားလျှင်ငွေ ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၈၀) သိမ်းဆည်းရမိခဲ့သဖြင့် မလဲ့ဇာလီဌေး(၃၇)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။