၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ကျိုက်ထိုမြို့၊ လက်ပြကျေးရွာမြို့ဝင်ဂိတ်အနီးတွင် မော်တော်ယာဉ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကျေးရွာနေ စောကျော်နိုင်ဝင်း(၂၉)နှစ် မောင်းနှင်လာသည့် SHN-27/7L-XXXX NISSAN VANETTE အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စောကျော်နိုင်ဝင်းအား ကျိုက်ထိုမြို့မရဲစခန်း (ပ)၅၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။