Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ မြို့ပတ်ရထားသံလမ်းပေါ် သစ်ပင်လဲကျမှု 

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၆ ရက် မွန်းလွဲ ၃ နာရီ ၂၈ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ မြို့ပတ်ရထားသံလမ်းပေါ်တွင် လုံးပတ် ၄ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ ညောင်ပင်သည် မိုးရွာသွန်းမှုကြောင့် မြို့ပတ်ရထားသံလမ်းပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိ သဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူ၊ ပစ္စည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။