၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မျောက်ချောကုန်းကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၄)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-ပြည်လမ်းမကြီးအတိုင်း မြောက်မှတောင်သို့ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ မျိုးမင်းလွင်(၄၅)နှစ် မောင်းနှင်လာသည့် MGY-21/9H-XXXX MITSUBISH BUS မော်တော်ယာဉ်သည် ရန်ကုန်-ပြည်ကား လမ်းမကြီး မိုင်တိုင်အမှတ် ၄၀ မိုင်နှင့် ၄၀ မိုင် ၁ ဖာလုံကြား မျောက်ချောကုန်းကျေးရွာ ဆိုက်ကားဂိတ်ကား မှတ်တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ အဆိုပါကျေးရွာနေ ဒေါ်ခင်စိန်(၆၃)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်ခင်စိန်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် မျိုးမင်းလွင်အား မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး
သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။