Language: Myanmar English

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အမှတ်(၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုဒုံ)မှ တပ်ဖွဲ့ဝင်များက ကျုံဖိုက်ကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုဒုံမြို့မှ သံဖြူဇရပ်မြို့သို့ ညောင်ကုန်းကျေးရွာနေ မျိုးဇော်ထက်(၃၅)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် MON/2C-XXXX DAIHATSU HIJET အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မျိုးဇော်ထက်အား မုဒုံမြို့မရဲစခန်း (ပ)၃၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ