Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊  မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုရားကိုင်ကျေးရွာ၊ ဘုရားကိုင်လမ်းမပေါ်အရောက်၌ အဆိုပါကျေးရွာနေ ကောင်းဝေလျှံစိုး(ခ)ဖိုးကောင်း(၂၂)နှစ် မောင်းနှင်လာသည့် MDY-5/3N-XXXX MARK X အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သတ်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကောင်းဝေလျှံစိုး (ခ) ဖိုးကောင်းအား မြိတ်မြို့မရဲစခန်း (ပ)၆၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ