၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း ခရိုင်၊ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်သည် မြို့နယ် မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့်အတူ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်းရှိ “ငြိမ်းချမ်းစံ” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် အမှတ်(၁၂)ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်းရှိ “စိုး” ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ ဝါးအရောင်းဆိုင်များသို့ အိမ်ဆောက်ပစ္စည်းများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အလားတူ ဧပြီ ၂၄ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင် မြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲ ကြာရှည်စွာသိုလှောင်ထားရှိခြင်းများမရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးသည် မြို့နယ်မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်းနှင့် အမှတ်(၁၂)ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်းရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။