၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့ မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့် အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျူ ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ်(၂၂)အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၄၃၀၆)နှင့် (၄၃၀၈) အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)၊ ၇၀ x ၇၁ လမ်းကြားရှိ Golden City Hotel အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိ ရတနာပုံတက္ကသိုလ်ခန်းမဆောင် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၊ ရွှေမုဌောဘုရားနှင့် အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောအမှတ်(၃)ရပ်၊ ကိုးတောင်ပြည့်ဘုရားဝင်းအတွင်းရှိ ကျောက်စာတိုက်အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။