၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက် ညနေ ၄ နာရီခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၇)၊ လမ်းသွယ်(၅)ရှိ ပိုင်ရှင် ဦးယောဆာဆာ၏ ၂၄ x ၁၆ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်အပေါ်ထပ်တွင် လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ အနီးရှိ အခန်းစီးလိုက်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၄ x ၁၆ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးယောဆာဆာအား မြစ်ကြီးနားမြို့၊ ပလနနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။