၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ရန်ကင်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နှင်းဆီလမ်း၊ အောင်သုခဗိမာန်ဘုန်းတော်ကြီးကျောင်း၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကျင်းပပြုလုပ်သော နွေရာသီ ကလေးငယ်များ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ရန်ကင်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ နှင်းဆီလမ်း၊ အောင်သုခဗိမာန်ဘုန်းတော်ကြီးကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။