Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေထည့်ဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ငလျင်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေရေး၊ အလှူငွေလက်ခံထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီသို့ အလှူငွေထည့်ဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး အလှူငွေထည့်ဝင်ခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေထည့်ဝင် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲအခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံ။