Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နှစ်လုံး/ သုံးလုံး ချဲထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နှစ်လုံး/ သုံးလုံး ချဲထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကျိုက်မရောမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဦးဝင်းနိုင်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဝင်းနိုင်(၆၁)နှစ်အား ၎င်း၏နေအိမ်ဆိုင်ခန်း၌ နှစ်လုံး/ သုံးလုံး ချဲထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ဝင်းနိုင်အား ကျိုက်မရောမြို့မရဲစခန်း (ပ)၂၈/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နှစ်လုံး/ သုံးလုံး ချဲထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။