၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်၊ ပဒုမ္မာ(၁)လမ်းသွယ်အရောက်၌ မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်နေ မိုးပျံ(၄၃)နှစ် မောင်းနှင်လာသည့် YGN 1F/ XXXX CROWN အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မိုးပျံအား မြိတ်မြို့မရဲစခန်း (ပ)၆၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။