၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်၌ အမှတ်(၇၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သံဖြူဇရပ်မှ မုဒုံသို့ ရေးမြို့နယ်၊ ဝယ်ဘော်ကျေးရွာနေ နေထွန်းဦး(၂၅)နှစ် မောင်းနှင်လာသည့် NPW-8/9E-XXXX TOYOTA CROWN ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် နေထွန်းဦးအား မုဒုံမြို့မရဲစခန်း (ပ)၃၉/ ၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။