၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်လင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္မူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၇၃)နှင့် တိုက်အမှတ်(၇၄) အဆောက်အအုံပြိုကျသည့်နေရာများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္မူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၃၃၅၇) အဆောက်အအုံပြိုကျသည့်နေရာများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၈၄ လမ်း၊ ၂၇×၂၈ လမ်းကြားရှိ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အဆောက်အအုံပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ကမ်းနားလမ်း၊ သီရိမာလာအနောက်ရပ်ကွက်ရှိ Ayarwaddy River View Hotel အဆောက်အအုံပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၁ x ၂၂ လမ်း၊ ၈၀ x ၈၁ လမ်းကြားရှိ အင်ကြင်းကွန်ဒိုပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ လမ်း ၃၀၊ ၇၀ x ၇၁ လမ်းကြားရှိ Golden City Hotel အဆောက်အအုံပြိုကျမှုတွင် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် နန်းမြင့်မျှော်စင် ပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ သဲတောအမှတ်(၁)ရပ်ရှိ ပြိုကျပျက်စီးခဲ့သော မြတ်ဘုန်းရှင်ဘုရားအတွင်းရှိ တံခွန်တိုင်နှင့် အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်၊ မြမဉ္ဇူပရဟိတ သီလရှင် စာသင်တိုက်အတွင်း ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးအတွင်းရှိ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။