Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်၊ ကျိုက္ခမီလမ်းရှိ သစ်သားဆိုင် မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်၊ ကျိုက္ခမီလမ်းရှိ ၃၀ x ၃၅ ပေ၊ သွပ်မိုး၊ တိုင်ထောင်၊ မြေစိုက် သစ်ဆိုင်ခန်းတွင် ဆိုလာအင်ဗာတာဖြင့် သုံးထားသော ဝိုင်ယာကြိုးများရှော့ဖြစ်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်ခရိုင်၊မြို့နယ်မီးသတ်စခန်းနှင့် မော်လမြိုင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် ၃၀ x ၃၅ ပေ၊ သွပ်မိုး၊ တိုင်ထောင်၊ မြေစိုက် သစ်ဆိုင်ခန်းရှိ သစ်ခွဲသားအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်တာဝန်ခံ ဦးမြင့်သူအား မော်လမြိုင်မြို့နယ်၊ မုပွန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။