Language: Myanmar English

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သောဒေသများတွင် မီးသတ်ဦးစီးဌာနမှ  ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု 

    ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က  မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျူ ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။
    သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီးအတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။   

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)၊ ၇၀ x ၇၁ လမ်းကြားရှိ Golden City Hotel အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
   

မန္တလေးတိုင်းဒေသကြီး၊ ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ သီရိမာလာအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ Ayarwaddy River View Hotel အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား  ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။