Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ငွေကျပ် သိန်း ၄၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက် နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အောင်အောင်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင်ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၇၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၈ နာရီ ၂၀ မိနစ်တွင် စိတ်ကြွရူးသွပ် ဆေးပြားများရောင်းချပေးသူ တင်မင်းကို(ခ)ပြုံးချိုအား တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၈ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ မယ်ဆိုင်ရေချောင်းအနီး၊ ဝါးရုံပင်အောက်တွင် မောင်တူး(ခ)တူကြီး သိုဝှက်သိမ်းထားသည့် မြေကျင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား(တစ်ပြားလျှင်ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၃၅၀) ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အောင်အောင်(၃၆)နှစ်၊ တင်မင်းကို(ခ)ပြုံးချို(၅၇)နှစ်နှင့် မောင်တူး(ခ)တူကြီး(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။