Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ငွေကျပ် သိန်း ၃,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ သင်္ဃန်းကျွန်းကြီးကျေးရွာအနီးတွင်  သက်နိုင်(ခ)ကိုငှက်မောင်းနှင်ပြီး ကျော်ခိုင်လင်း(ခ)မိုးဒီ လိုက်ပါလာသည့် HARRIER အဖြူရောင်မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃,၅၀၀) ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား ရေတာရှည်မြို့နယ်၊ ရေနီကျေးရွာမှ ရန်ကုန်သို့ သယ်ဆောင်ခဲ့သည့် CANTER ISUZU ခြောက်ဘီးမော်တော်ယာဉ်အား မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်တွင်  သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဧပြီ ၂၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ နေလင်းထွန်းအား  ရန်ကုန်-မန္တလေးအမြန်လမ်း(၁၅၈)မိုင်စစ်ဆေးရေးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် သက်နိုင်(ခ)ကိုငှက်(၅၅)နှစ်၊ ကျော်ခိုင်လင်း(ခ)မိုးဒီ(၃၃)နှစ်နှင့် နေလင်းထွန်း(၄၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။