Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဧပြီ ၂၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အောင်သပြေလမ်းမပေါ်၌ အမျိုးသား တစ်ဦး ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မင်းဇော်ဦး(၄၅)နှစ်အား အရိုး/အသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မင်းဇော်ဦးအား တောင်ကြီးမြို့မရဲစခန်း (ပ)၁၂၂/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။