Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ အမျိုးသား  တစ်ဦးအား ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ အမျိုးသား တစ်ဦးအား ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်အရောက်၌ ကျောက်ချက်ရွာမှ အောင်ဇေယျရပ်ကွက်သို့ အောင်ဇေယျရပ်ကွက်နေ တင်ဦး(ခ)မဲလုံး(၃၅)နှစ်သည် KENBO 110 အနက်ရောင်ဆိုင်ကယ်အား မောင်းနှင်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ ခိုးယူလာသည်ဟု စစ်ဆေးတွေ့ရှိရသဖြင့် တင်ဦး(ခ)မဲလုံးအား ရေဆင်းနယ်မြေရဲစခန်း (ပ)၂၆/၂၀၂၅၊ ရာဇသက်ကြီး ပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ အမျိုးသား တစ်ဦးအား ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။