Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၅)သံတံတားရပ်ကွက်၊ ဈေးလမ်းရှိ သစ်စက်ဂိုဒေါင်(အဟောင်း) မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက် နံနက် ၁ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၅)သံတံတားရပ်ကွက်၊ ဈေးလမ်းရှိ ပိုင်ရှင် ဦးမျိုးမြင့်အောင်၏ ၃၀ x ၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ မြေစိုက် သစ်စက်ဂိုဒေါင်(အဟောင်း)တွင် Solar Inverter 100W ဖြင့် လုံခြုံရေးမီးထွန်းထားရာမှ အပူလွန်ကဲပြီး အနီးရှိ လွှစာပုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် ၃၀ x ၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ မြေစိုက် သစ်စက်ဂိုဒေါင် (အဟောင်း) တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးမျိုးမြင့်အောင်အား ဒိုက်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။