Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အိုင်းမရေလွှဲဆည်၊ ကျောက်စံဆိုလာလျှပ်စစ်ရေတင်လုပ်ငန်းမှ ရေပေးဝေမှုအခြေအနေနှင့် နွေစပါး၊ နွေနှမ်းသီးနှံများ အောင်မြင်စွာဖြစ်ထွန်းမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မင်းဘူးမြို့နယ်၊ အိုင်းမရေလွှဲဆည်၊ ကျောက်စံဆိုလာလျှပ်စစ်ရေတင်လုပ်ငန်းမှ ရေပေးဝေမှုအခြေအနေနှင့် နွေစပါး၊ နွေနှမ်းသီးနှံများ အောင်မြင်စွာဖြစ်ထွန်းမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း နွေသီးနှံလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မင်းဘူးမြို့နယ်၊ အိုင်းမရေလွှဲဆည်၊ ကျောက်စံဆိုလာ လျှပ်စစ်ရေတင်လုပ်ငန်းမှ ရေပေးဝေမှုအခြေအနေနှင့်နွေစပါး၊ နွေနှမ်းသီးနှံများ အောင်မြင်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။