၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက် နံနက် ၈ နာရီ ၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဘိုးနေဒွန်းကျေးရွာအုပ်စု၊ ဘိုးနေဒွန်းကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မမြင့်မြင့်စန်း(ခ)မိငယ်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ ပြား (တစ်ပြားလျှင် ငွေ ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၂ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၈ နာရီ ၃၀ မိနစ်တွင် အဆိုပါနေရာအနီး၌ မနှင်းနှင်းအေးအား စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား(တစ်ပြားလျှင် ငွေ ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၀၀) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ဝက်ဝံကျေးရွာအနီးတွင် လှိုင်မင်းစိုး မောင်းနှင်ပြီး မမို့မို့ဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား(တစ်ပြားလျှင် ငွေ ၁,၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၇၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် မမြင့်မြင့်စန်း(ခ)မိငယ်(၅၄)နှစ်၊ မနှင်းနှင်းအေး(၃၄)နှစ်၊ လှိုင်မင်းစိုး(၃၆)နှစ်နှင့် မမို့မို့ဝင်း(၂၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။