၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီရောင်းချသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၄)၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ အောင်အောင်(ခ)အဗ္ဗသွန်ရာဟမ်း(၄၂)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားအသင့်တွေ့ရှိရပြီး နေအိမ်နောက်ဖေးအခန်းအတွင်းမှ တရားမဝင် နှစ်လုံး/သုံးလုံးထီရောင်းချရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၂၃၀,၀၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်အောင်(ခ)အဗ္ဗသွန်ရာဟမ်းအား ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၈၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီရောင်းချသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။