Language: Myanmar English

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့သောဒေသများတွင် မီးသတ်ဦးစီးဌာနမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

        ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က  မန္တလေးမြေငလျင်စခန်းမှ အရှေ့ မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့် အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျူ ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။
         သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၆၆) အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၆၀၄) အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၂၃၃၃/၂၃၄၃) အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၃၂၀၃) အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ၇၈လမ်းရှိ ပြိုကျပျက်စီးခဲ့သည့် လေးတပ်ဗိုလ်ဘုရားစေတီတော်အား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ တောင်ရပ်ရှိ ပြိုကျပျက်စီးခဲ့သည့် ရှင်ပင်ကံထူးသာ ဆုတောင်းပြည့်ဘုရားဓမ္မာရုံနှင့် ဘုရားပရဝဏ်အတွင်းရှိ အဆောက်အအုံများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။

ရှမ်းပြည်နယ်၊ ဇရပ်ကြီးကျေးရွာ၊ ဇရပ်ကြီးဘုန်းကြီးကျောင်းနှင့် နန်းပန်မြို့၊ ကြာတောကျေးရွာရှိ နေအိမ် တစ်လုံး အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။