၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားရှည်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် တရုတ်ဘုံကျောင်းအနီးအရောက်၌ အဆိုပါရပ်ကွက်နေ ရဲနောင်(ခ)စူပါမန်း(၂၇)နှစ်အား အရိုး/အသွား ၂၉ လက်မခန့်ရှိ ဓားရှည် တစ်ချောင်း ကိုင်ဆောင်၍လည်းကောင်း၊ မျိုးမင်းစိုး(၂၂)နှစ်အား အရိုး/အသွား ၂၀ လက်မခန့်ရှိ ဓားရှည် တစ်ချောင်း ကိုင်ဆောင်၍လည်းကောင်း ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရဲနောင်(ခ)စူပါမန်းနှင့် မျိုးမင်းစိုးတို့ နှစ်ဦးအား ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၈၉/ ၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)/၃၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားရှည်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။