နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အင်ကြင်းလမ်းနှင့် သစ္စာလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်မှုစစ်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယင်းမာလမ်းဘက်မှ ပိတောက် (၁)လမ်းဘက်သို့ သပြေကုန်းရပ်ကွက်နေ မျိုးကျော်အောင်(၄၆)နှစ် မောင်းနှင်လာသည့် MDY-6 CC/ XXXX Toyota Premio ခဲရောင်အငှားယာဉ်နှင့် သစ္စာလမ်းအတိုင်း သစ္စာ(၃)လမ်းဘက်မှ သရဖီလမ်းဘက်သို့ ပျဉ်းမနားမြို့နယ်၊ ကျော်ညီနောင်ရပ်ကွက်နေ မသီတာဌေး(၃၅)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်တို့သည် အခင်းဖြစ်နေရာ၌ အရှိန်မထိန်းနိုင်ဘဲ တိုက်မိရပ်တန့်နေသည်ကို တွေ့ရှိရပြီး ယာဉ်တိုက်မှုကြောင့် မသီတာဌေးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် မျိုးကျော်အောင်နှင့် မသီတာဌေးတို့ နှစ်ဦးအား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အင်ကြင်းလမ်းနှင့် သစ္စာလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့၏ မှတ်တမ်းဓာတ်ပုံ။