ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်က တရားမဝင် နှစ်လုံး/ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီတွင် ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၌ တရားမဝင် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဘားအံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်နေ မခင်မျိုးဝင်း(၃၅)နှစ်အား ၎င်း၏နေအိမ်မှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်း တစ်လုံး၊ လောင်းကြေးငွေများဖြင့်လည်းကောင်း။
အလားတူ အဆိုပါရပ်ကွက်နေ မဝတ်မှုံမိုးအောင်(ခ)မဝါဦး(၃၁)နှစ်အား ၎င်း၏နေအိမ်မှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်း တစ်လုံး၊ လောင်းကြေးငွေများဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းတို့ နှစ်ဦးအား ဘားအံ မြို့မရဲစခန်း၌ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/၁၉(က)ဖြင့်လည်းကောင်း။
ထို့အတူ ညနေ ၄ နာရီတွင် ဘားအံမြို့နယ်၊ ဇာသပြင်အရှေ့ကျေးရွာနေ မနန်းထွေး(၅၁)နှစ်၏ နေအိမ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဇာသပြင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မနန်းထွေးအား ၎င်း၏နေအိမ်မှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လောင်းကြေး ငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မနန်းထွေးအား ဇာသပြင်နယ်မြေရဲစခန်း၌ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ တရားမဝင် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး သုံးဦးအား
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်ဆီးရမိမှုမှတ်တမ်းဓာတ်ပုံ။