ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက်က သစ်များ တရားမဝင်စုဆောင်းထားသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးကျော်ထိုက်(၅၃)နှစ်၏ နေအိမ်ခြံဝင်းအတွင်း သစ်လုံးများ တရားမဝင် စုဆောင်းထားကြောင်း သတင်းအရ အင်းတကော်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်ထိုက်ပိုင်ဆိုင်သော ခြံဝင်းအတွင်းမှ မန်ဂျန်ရှားသစ်လုံး ၄၃ လုံး၊ ၁.၃၂၆ တန်၊ မန်ဂျန်ရှားမျောတိုင် ၁၃ လုံး၊ ၀.၁၈၀ တန်တို့အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းသစ်လုံး၊ မျောတိုင်များမှာ အင်းတကော်မြို့၊ ချမ်းသာကုန်းကျေးရွာနေ ဦးစောသက်နောင်(၃၁)နှစ် ပိုင်ဆိုင်သည့် သစ်များဖြစ်ပြီး ပြန်လည်ရောင်းချရန် တရားမဝင် စုဆောင်းထားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဦးစောသက်နောင်နှင့် ဦးကျော်ထိုက်တို့ နှစ်ဦးအား အင်းတကော်နယ်မြေရဲစခန်း (ပ)၃၉/၂၀၂၅၊ သစ်တောဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ တရားမဝင်သစ်များ ဖမ်းဆီးရမိမှုမှတ်တမ်းဓာတ်ပုံ။