၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်တွင်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျောင်းသား/သူများအတွက် စခန်းသွင်း လေ့ကျင့်သင်ကြားနိုင်ရေး ဆောင်ရွက်မည့်အခြေအနေ၊ ကျောင်းသား/သူများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေနှင့် သင်ကြားမည့် စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် သင်ခန်းစာပို့ချနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ မြို့နယ်အတွင်း စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်း စုစုပေါင်း ၁၂ ကျောင်းရှိပြီး သင်ခန်းစာ ပို့ချမှုအနေဖြင့် အခြေခံကျောင်းများမှ ဆရာ/ဆရာမများအပြင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှ ဆရာ/ဆရာမများမှ လာရောက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်းနှင့် သင်ခန်းစာပို့ချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။