၂၀၂၅ ခုနှစ်၊ မေ ၂ ရက် နံနက် ၄ နာရီ ၅၅ မိနစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၁)ရှိ ပိုင်ရှင် ဦးထွန်းထွန်းနိုင်၏ ၁၆ x ၁၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ ကုန်စုံဆိုင်အတွင်း ဂျပ်ဖာပုံးအဟောင်းများပေါ်တွင် ခြင်ဆေးခွေထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၆ x ၁၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ ကုန်စုံဆိုင် တစ်လုံးနှင့် ၁၈ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးထွန်းထွန်းနိုင်အား မြစ်ကြီးနားမြို့နယ်၊ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။