၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်က မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် တပ်ကုန်းမြို့မှ မော်လမြိုင်မြို့သို့ မိုးဝင်းလှိုင် မောင်းနှင်ပြီး ကျော်ခိုင်ဦး လိုက်ပါလာသည့် TOYOTA LEXUS မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်အရ ညနေ ၄ နာရီ ၃၀ မိနစ်တွင် သူရမျိုးမျိုး(ခ)မျိုးမျိုး အား နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ မြဝတီရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆေးခြောက် ၂ ဒသမ ၃ ကီလို၊ CADILLAC ESCALADE မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် ဆေးခြောက် ၂ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။