၂၀၂၅ ခုနှစ်၊ မေ ၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁ ရက် နံနက် ၃ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၁၂၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရှမ်းပွဲရပ်ကွက်နေ ကောင်းစည်ခန့်(၂၅)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဦးသိန်းထွန်း(၆၂)နှစ် လိုက်ပါလာသည့် BGO-7/5L-XXXX NISSAN CANTER မော်တော်ယာဉ်သည် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် အနှေးယာဉ်ကြော၌ ရပ်တန့်ထားသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်သပြေရပ်ကွက်နေ ဦးရန်နောင်မိုး(၅၇)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဒေါ်ကြည်ကြည်မြင့်(၅၃)နှစ် လိုက်ပါလာသည့် SHN-18/1G-XXXX MITSUBISHI CANTER မော်တော်ယာဉ်အား အနောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ကောင်းစည်ခန့်၊ ဦးရန်နောင်မိုးနှင့် ဒေါ်ကြည်ကြည်မြင့်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ကောင်းစည်ခန့်နှင့် ရန်နောင်မိုးတို့ နှစ်ဦးအား ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်းယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။