၂၀၂၅ ခုနှစ်၊ မေ ၂ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ချဲထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သီရိရတနာမြို့မဈေးတွင် ချဲထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဈေးပတ်လမ်းပေါ်တွင် သုံးလုံးထီရောင်းချနေသည့် ငှက်ပျောတောကျေးရွာနေ ဦးအေးလွင် (၆၀)နှစ်အား ချဲထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အေးလွင်အား လယ်ဝေးမြို့မရဲစခန်း(ပ)၇၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ချဲထီလောင်းကစားပြုလုပ်သူ အမျိုးသား
တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။