Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်သာသနာ့ဗိမာန်တော်၌ စတုတ္ထအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆုတောင်းပြည့်ရွှေဘုံသာဘုရား ဗုဒ္ဓပူဇနိယ၊ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပ 

     ၂၀၂၅ ခုနှစ်၊ မေ ၁ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်သာသနာ့ဗိမာန်တော်၌ စတုတ္ထအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆုတောင်းပြည့်ရွှေဘုံသာဘုရား ဗုဒ္ဓပူဇနိယ၊ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။