၂၀၂၅ ခုနှစ်၊ မေ ၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မန္တလေးရပ်ကွက်ရှိ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်နှင့် ဈေးကြိုရပ်ကွက်ရှိ မော်လမြိုင်တက္ကသိုလ်ကျောင်းများ၌ ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား/သူများ သက်သာချောင်ချိရေးအတွက် ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေမှုအခြေအနေအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းသည် သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။