Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မေ ၂ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များနှင့် သိုလှောင်ရုံနေရာများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရေး၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်း မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးအတွက်  မြို့နယ်မြေပြင်ကွင်းဆင်းကြပ်မတ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ  ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ဝါးတစ်ရာလမ်းပေါ်ရှိ “ဆုလဲ့” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ “မြတ်မိခင်” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် “နိုင်ကိုဦး” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။