Language: Myanmar English

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ပြည်သူ့ဆေးရုံကြီး(သွေးလှူဘဏ်)တို့တွင် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်

     ၂၀၂၅ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ပဲခူးပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၁၀ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြရာ ထိုသို့သွေးလှူဒါန်းနေမှုများကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောထွန်းနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အားဖြည့်အစားအစာများနှင့် ဂုဏ်ပြုငွေများကို ပေးအပ်ခဲ့ကြောင်း။
     အလားတူ မန္တလေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ချမ်းအေးသာစံမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၀၀ ဦးတို့က စုပေါင်းသွေးလှူဒါန်းနေသူများကို ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းတို့မှ အားဖြည့်အစားအစာများ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များမှ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲ 
အခမ်းအနား ကျင်းပပြုလုပ်မှု မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များမှ ချမ်းအေးသာစံမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ 
စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှု မှတ်တမ်းဓာတ်ပုံ။