Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာအုပ်စု၊ ထန်းတောအပိုင်း၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ  “ဒေါ်လာဝင်း” ယာဉ်ပြုပြင်ရေးအလုပ်ရုံ၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ မေ ၂ ရက် နံနက် ၁ နာရီ ၂၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာအုပ်စု၊ ထန်းတောအပိုင်း၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ  ပိုင်ရှင် ဦးကျော်ခိုင်မင်း၏  ၆၀ x ၈၀ ပေ၊ သွပ်မိုး၊ သံတိုင်ထောင် “ဒေါ်လာဝင်း” ယာဉ်ပြုပြင်ရေး အလုပ်ရုံ၌ ရပ်နားထားသည့် ဖွဲနုအိတ်များ တင်ဆောင်ထားသော YGN-26/3Q-XXXX NISSAN CANTER အမျိုးအစား ခြောက်ဘီး အဝါရောင်မော်တော်ယာဉ်၏ခေါင်းခန်းအောက်ရှိ ဘက်ထရီအိုးနှင့်သွယ်တန်းထားသော ဝိုင်ယာကြိုးပေါက်ပြဲ၍ ယာဉ်ဘော်ဒီနှင့်ထိမိရာမှ ဘက်ထရီအိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် ယာဉ်၏ခေါင်းခန်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးဟိန်းမင်းအောင်အား ကွမ်းခြံကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။