၂၀၂၅ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ မေ ၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁၂)တပ်မတော်ဆေးရုံ(ကုတင် ၁၀၀)တွင် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုမှ တက်ရောက်အားပေးခဲ့ပြီး သွေးလှူဒါန်းသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဆေးဝါး၊ ကြက်ဥ၊ အအေးနှင့် တပ်ဖွဲ့နေ့အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။