၂၀၂၅ ခုနှစ်၊ မေ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာအနီးတွင် မသီတာမွှေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ဂွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း ၁၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၅ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ရပ်ကွက်ရှိ မောင်ပု(ခ)မောင်ညွန့်၏ နေအိမ်မှ ဘိန်းစိမ်း ၂၁ ကီလို(တစ်ကီလိုလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၆၃ သိန်း) ဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် မသီတာမွှေး(၃၄)နှစ်နှင့် မောင်ပု(ခ)မောင်ညွန့်(၅၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် ဘိန်းစိမ်းများနှင့်အတူ တွေ့ရစဉ်။