Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၃ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၃ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ စစ်တောင်းတံတားသစ်၌ ဝေါမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့မှ ဝေါမြို့သို့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အလယ်ကျွန်းကျေးရွာနေ စိုးသီဟ(ခ)အီစာလေး(၂၈)နှစ် မောင်းနှင်လာသည့် YGN-8/1J-XXXX HONDA FIT ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စိုးသီဟ(ခ)အီစာလေးအား ညောင်ခါးရှည်နယ်မြေရဲစခန်း (ပ)၄၂/၂၀၂၅၊ ပို့ကုန်သွင်းကုန် ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။