၂၀၂၅ ခုနှစ်၊ မေ ၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၃ ရက် နံနက် ၆ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ တောင်ကြီး-မိတ္ထီလာကားလမ်း မိုင်တိုင်အမှတ် ၁၃ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာစည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သီရိမင်္ဂလာ(၁)ရပ်ကွက်နေ စိုးနိုင်ထွန်း(၃၅)နှစ်မောင်းနှင်ပြီး ဦးကျော်ဆွေ(၆၀)နှစ် လိုက်ပါလာသည့် SHAYAN 110 ဆိုင်ကယ်သည် ကားလမ်းပေါ်သို့ ချိုးကွေ့စဉ် တောင်ကြီးမြို့မှ မိတ္ထီလာမြို့သို့ ထွန်းဝင်းအောင်(၂၃)နှစ် မောင်းနှင်လာသည့် MDY-14/1M-XXXX ၂၂ ဘီး အဖြူရောင်မော်တော်ယာဉ်၏ နောက်ဘီးနှင့် ဆိုင်ကယ်လက်ကိုင်ချိတ်မိကာ တိမ်းမှောက်ခဲ့၍ စိုးနိုင်ထွန်းနှင့် ဦးကျော်ဆွေတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် စိုးနိုင်ထွန်းနှင့် ထွန်းဝင်းအောင်တို့နှစ်ဦးအား သာစည်မြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။